Monday, September 3, 2007

Mac OS အတွက် ဇော်ဂျီကီးဘုတ်

ကျနော် Mac User မဟုတ်သေးပါ၊ သို့ပေမယ့် ဝင်းဒိုးကို တော့ Security, Virus ပြဿနာတွေကြောင့် အတော်လေး စိတ်ကုန်နေပါပြီ၊ တဖက်မှာလည်း Open sources ဖြစ်တဲ့ Linux ကို တဖြည်းဖြည်း မိုက်ဂရန့်လုပ် နေပါတယ်။

တလောက အလုပ်မှာ Mac iBook G4 ခပ်နွမ်းနွမ်းလေးတလုံးကို လုပ်ငန်းရဲ့ အစိတ်အပိုင်းတခုမှာ သုံးဖို့ အကြောင်းဖန်လာပါတယ်။ မြန်မာယူနီကုဒ် ရိုက်ဖို့အတွက် ကီးဘုတ်တွေကို လိုက်ရှာကြည့်တာ ဘယ်မှာမှ မတွေ့ပါ။ ဒါနဲ့ ကျနော့်ကို ကွန်ပျူတာ သင်ပြခဲ့ဘူးပြီး Mac ကိုနှစ်ပေါင်း အတန်ကြာ သုံးနေတဲ့ အဝေးက ဆရာတယောက်ကို အဆက်အသွယ်လုပ်ရာကနေ ဒီကီးဘုတ်ရေးဖို့ နည်းလေးရခဲ့ပါတယ်။

အခု ဇော်ဂျီဖောင့်လက်ကွက်ကို Mac နဲ့ ရိုက်ကြည့်နေတာပါ။ အဆင်ပြေပါတယ်၊ ဒါပေမယ့် ဝင်းဒိုးလက်ကွက်မှာလို ကွန်ထရိုး + အယ်တာ အတွဲကို သုံးဖို့ကြိုးစားကြည့်ပေမယ့် အဆင်မပြေခဲ့ပါဘူး၊
ဒါနဲ့ Ctrl+Alt+Key အတွဲအစား Alt+Key, Ctrl+Alt+Shift+Key အတွဲအစား Alt+Shift+Key စသည်ဖြင့် အစားထိုးလိုက်ရပါတယ်။ ဝင်းဒိုးလက်ကွက်နဲ့ သဟဇာတဖြစ်ခဲ့သူများ ဒီ Mac လက်ကွက်ရဲ့ တတိယနဲ့ စတုတ္ထအဆင့် အပြောင်းအလဲတွေမှာ အနည်းငယ် ရှုပ်ကောင်းရှုပ်နိုင်ပါလိမ့်မယ်။ နောက်ပိုင်း ကျွမ်းကျင်သူများက ပြင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လောလောဆယ်ဆယ် စမ်းသုံးကြည့်ပါ။

နောက်တခုက အင်စတောကိစ္စပါ။ ကျနော် ဒီလက်ကွက်အတွက် အင်စတောပက်ကိတ် မလုပ်တတ်ပါ။ ဒီအတွက် စက်ထဲသွင်းရာမှာ User Friendly မဖြစ်တဲ့အတွက် တောင်းပန်ပါတယ်။ Mac OSကျွမ်းကျင်သူတွေ သင့်တော်တဲ့ ပက်ကိတ်အင်စတောလာ တခုခုနဲ့ ထုတ်ပိုးပေးနိုင်ရင် အရမ်းကောင်းမှာပါ။ လောလော ဆယ်ဆယ် စက်ထဲထည့်ဖို့အတွက် ပုံတွေနဲ့ ကျနော်ရှင်းပြပေါ့မယ်။
၁) ပထမအဆင့်အနေနဲ့ ဇော်ဂျီကီးဘုတ်ဖိုင်ကို ဒီမှာ ယူပါ။ ပြီးရင် အဲဒီဖိုင်ကို Copy လုပ်ထားပါ။


၂) Top Menu Bar ပေါ်က Go > Computer ထဲကိုဝင်ပါ၊ (apple + shift + C) လည်း သုံးနိုင်ပါတယ်။ ပုံကိုရှုရန်

၃) မိမိရဲ့ Directory ထဲရောက်သွားရင် ပုံမှာပြထားတဲ့အတိုင်း Library > Keyboard Layouts >zawgyi keylayout file ကို Paste လုပ်ပါ။ ပုံကိုရှုရန်

၎) Top Menu Bar ကိုပြန်သွားပြီး Logout‚ လုပ်၊ နောက်‚ Login ပြန်လုပ်ပါ။ ပုံကိုရှုရန်
၅) Top Menu Bar ပေါ်က Apple icon ကတဆင့် System Preferences ထဲဝင်ပါ။ ပုံကိုရှုရန်

၆) System Preferences ထဲရောက်ရင် Personal row က International ကိုနှိပ်၊ International window မှာ Input Menu Tap ကိုထပ်နှိပ် ပြီးရင် ကိုယ်ထည့်ထားတဲ့ ဇော်ဂျီလက်ကွက်ပုံစံကို ရွေး (Mark) လိုက်ရုံပါပဲ။ ပုံကိုရှုရန် ဒီအဆင့်တွေပြီးရင် မိမိရဲ့ Top Menu Bar ညာဘက်အပေါ်နားလေးမှာ U.S default အင်္ဂလိပ်ကီးဘုတ်နဲ့အတူ မြန်မာဇော်ဂျီကို ရွေးချယ်အသုံးပြုနိုင်ပါပြီ။

အခုနောက်ပိုင်း ယူနီကုဒ်စနစ်ကို ရာနှုံးပြည့်လိုက်နာတဲ့ မြန်မာယူနီကုဒ်တွေကို မြန်မာပညာရှင်တွေက ကွန်ပျူတာစနစ်တွေမှာတောင် အောင်မြင်စွာ စမ်းသပ်ပြီးစီးခဲ့တယ်လို့ ကြားသိရပါတယ်၊ အနာဂတ် မြန်မာ့အိုင်တီဖွံ့ဖြိုးရေးအတွက် အားတက်စရာပါ၊ ဇော်ဂျီစာလုံးကလည်း ယူနီကုဒ်စည်းမျဉ်းကို တစိတ်တဒေသ လိုက်နာထားတဲ့ စနစ်ပြီး Online Publications တွေအတွက် လက်ဆက်အသုံးဝင်နေဦးမယ်လို့မြင်ပါတယ်။ မွန်လူမျိုးတယောက်အနေနဲ့ ကျနော်လည်း ဇော်ဂျီစာလုံးကို မွန်စာလုံးတွေထပ်ဆွဲပြီး Uni Mon အမည်နဲ့ Modified ပြန်လုပ်ထားပါတယ်၊ သူ့အတွက် Mac ကီးဘုတ်ကိုလည်း ရေးဖြစ်ပါတယ်။ ဒီ့အတွက် ဇော်ဂျီ Team ကို ကျေးဇူးအထူးတင်ပါတယ်။

4 comments:

Wai Phyo said...

တကယ်လှတဲ့ Template ၁ခုပဲဗျာ. ..

အခုလို ကျွန်တော့်ဘလော့ခ်ထိ လာပြီးအားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်လုပ်နေတာ Package တော့ မဟုတ်ဘူးပေါ့. Mac ရဲ့ ထုံးစံအတိုင်း Drag n Drop ဆွဲထည့်လို့ရတဲ့ သိပ်မခက်တဲ့ DMG - Disk Image လေး ၁ခု လုပ်နေတယ်ဗျာ။ ဇော်ဂျီကော မြစေတီကော ၂ခုလုံးအတွက် လုပ်နေတာ၊ iCon လေးတွေထိုင်ဆွဲရင်း အချိန်နည်းနည်းဖင့်သွားလို့ဗျာ။ စင်္ကာပူပြန်ရောက်ရောက်ခြင်း ပြီးအောင် လုပ်လိုက်ပါ့မယ်။ ကျွန်တော်က အသုံးပြုသူတွေလွယ်စေချင်လို့ဗျ။ Mac က ၀င်းဒိုးထက် ဘယ်လောက် သုံးရလွယ် သလဲဆိုတာ လေး ၁ချက် ပြချင်လို့ဗျ။ Install package တွေ အတွက် တော့ နောက် အားမှ ရေးပါ့မယ်ဗျာ။

အခုလို ရှင်းပြပေးထားတာလည်း ကျေးဇူးတင်ပါတယ်။ =)

MgThaJan said...

ကျေးဇူးကမ္ဘာပါဗျာ။ ဒါလေးကို ရှာနေတာ OSX86 ကိုစမ်းချင်နေတာကြာဘီ။

Wai Phyo said...
This comment has been removed by the author.
Wai Phyo said...

package ရယ်၊ manual ရယ် screenshot စုံစုံလင်လင်နှင့် ရေးပြီးသွားကြောင်း၊ ကျွန်တော့်ဘလော့ခ်တွင် တင်ထားကြောင်း အကြောင်းကြားအပ်ပါ၏။