Friday, September 28, 2007

မြင့်မြတ်စွာပေးဆပ်ခဲ့သူ အာဇာနည်များအား ဦးညွှတ်ဂါရ၀ ပြုပါ၏



ဆက်ဗှ်ညိ/ဆက်ဖတ်ရန်/Read more...

Thursday, September 27, 2007

ရန်ကုန့်မြေပေါ်ဝယ်...


ဆက်ဗှ်ညိ/ဆက်ဖတ်ရန်/Read more...

Tuesday, September 25, 2007

''ပြည်သူတွေကိုယ်တိုင်က သူတို့တကယ်လွတ်မြောက်ချင်တယ်၊ တော်လှန်ပြောင်းလဲချင်တယ် ဆိုတဲ့ စိတ်ဓါတ်တွေ ကိုယ်စီရှိနေကြပြီဆိုတာနဲ့ တပြိုင်နက် သူတို့ကို ဘယ်သူမျှ ပိတ်ပင်တားဆီးနိုင်လိမ့်မည် မဟုတ်ပါ"
(ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး)

အော်... အဆုံးမှာတော့ ဘီးလူးခေါင်းမင်းသားတွေက မင်းသားဥပဓိရုပ်ကနေ ဘီလူးသဏ္ဍာန် စပြောင်းကြပြီပေါ့။ သတင်းစီးဆင်းမှုတွေ တဖြည်းဖြည်းစပိတ်နေတဲ့ အချက်ကိုထောက်ရင်ဖြင့် အာဏာသုံးပြီး မိုက်လုံးကြီးကြတော့မယ် ထင်ပါရဲ့ဗျာ...။

မနေ့ကစလို့ အထဲက ကျနော်တို့ အိုင်တီရဲဘော်များရဲ့ ဘလော့ဂ်နဲ့ဆိုဒ်တချို့ကို စပိတ်လိုက်ပါပြီ။ တယ်လီဖုန်းတွေကိုတော့ အစောပိုင်းကတည်းက ကန့်သတ်ထားပြီသားပါ။ ဒီလိုလုပ်တယ်ဆိုကတည်းက သူတို့မှာ မကြာခင် ဘီလူးဆိုင်း စတီးတော့မယ်၊ မရိုးမသားလုပ်တော့မယ်ဆိုတာ ရိပ်မိနေပါတယ်။ မနေ့ကလည်း အစိုးရရုပ်/သံမှာ သံဃာ့မဟာနာယကအဖွဲ့က (၄၇) ပါးကုန်သော ဘုန်းတော်ကြီးတွေနဲ့ ပေါင်းပြီး ဗုဒ္ဓဘာသာမှာ အပြစ်အကြီးဆုံးသော သံဃာဂိုဏ်းခွဲရေးကို အာဏာရူးတွေ စလုပ် နေပါပြီ။ ဓမ္မနဲ့ အဓမ္မလွန်ဆွဲပွဲ ဘယ်သူတွေ နိုင်မယ်ဆိုတာ မကြာခင်သိကြပါလိမ့်မယ်။

မေတ္တာလက်နက်ဟာ ကမ္ဘာပေါ်ရှိလူသတ်လက်နက်တွေထက် အစွမ်းထက်တယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) ကျော်တည်းက မြတ်ဗုဒ္ဓက သက်သေတည် ခဲ့ပြီးသားပါ။ ဗုဒ္ဓသားတော်တွေရဲ့ အရိပ်အာဝါသကို ခိုလှုံရင်း ကျနော်တို့ ကျောင်းသား ပြည်သူတွေ၊ မိမိတို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို သွေးစည်းညီညွတ်စွာနဲ့ ချီတက် တိုက်ပွဲဝင် ကြပါစို့ ..။

*ပိတ်ထားတဲ့ ဘလော့ဂ်များ၊ ဆိုဒ်များကို ကျော်နိုင်ရန်အတွက် အောက်ပါ Proxy တွေကို လက်ဆင့်ကမ်းလိုက်ပါတယ်။
http://www.myproxy.ca/
http://proxyhide.net
http://proxify.co.uk
http://proxygun.net
http://myfreeproxy.com
http://workstudyplay.com
http://proxydrop.biz
http://proxyweb.net
http://freeproxy.ca
http://cleverproxy.com
http://proxyrat.com
http://urlgateway.com
http://3proxy.org
http://tntproxy.com
http://3proxy.com
http://proxify.org
http://getmepast.com
http://fullysickproxy.com
http://proxify.de
http://tekistan.com
http://vpntunnel.net
http://public-proxy.com
http://browserproxy.com
http://atunnel.com
http://hidemyass.com
http://netsack.net
http://proxy10.info
http://yourfreeproxy.com
http://unblockmyspace.com
http://vcamo.com
http://proxy6.info
http://72.232.94.93/pe

ဆက်ဗှ်ညိ/ဆက်ဖတ်ရန်/Read more...

Friday, September 21, 2007

ကြိုက်မိတဲ့ `တဂိုး´ကဗျာတစ်ပုဒ်

လွတ်လပ်သောနိဗ္ဗာန်

စိတ်က မကြောက်ဘဲ ခေါင်းကိုမတ်စွာ
ထားနိုင်သော အရပ်၌လည်းကောင်း၊

ပညာသည် လွတ်လပ်ရာ၌လည်းကောင်း၊

ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုံနံရံများဖြင့်
တောက်စိတ်ပိုင်းခြားမှု မရှိရာ၌ လည်းကောင်း၊

စကားသည် နက်ရှိုင်းသောသစ္စာတွင်းမှလာသော
အရပ်၌လည်းကောင်း၊

မနားမနေသော အားထုတ်မှုသည်
နိဗ္ဗာန်သို့ လက်လှမ်းသောအရပ်၌လည်းကောင်း၊

ဆင်ခြင်မှု ချောင်းရေသန့်သည်၊
အကျင့်ဆွေးသဲကန္တာရတွင် ခရီးလမ်းစ
မပျောက်ရာ၌လည်းကောင်း၊

စိတ်ကို အစဉ်ပျံ့ပြူးသော တွေးဆပြုလုပ်မှုတို့သို့
အရှင် ... ရှေ့ဆောင်ရာ၌လည်းကောင်း၊

ထိုလွတ်လပ်သောနိဗ္ဗာန်၌
တပည့်တော်၏တိုင်းပြည်သည်
နိုးကြားနိုင်ပါစေ အရှင်ဘုရား။ ။
ရာဝိန္ဒြာ နတ်တဂိုး
ဂီတဉ္စလီ အမှတ် (၃၅) မှ


ဆက်ဗှ်ညိ/ဆက်ဖတ်ရန်/Read more...

Sunday, September 16, 2007

မုဒးကဪုအရီုဗင်ရော..မန်?

ယွံ သ္ကအ်ရဲ ကလောကောဒေံ ညးမစိုတ်လုပ်စ ပႛဲအရာ သြာင္အာင္တှတအ္ ညးဂမႜိဳင္အၜ ...
မုက်လိခ်ဘဠံက်ဏအ်ဝွံ ရန်တၞံလ၀်
  • သွက်ဂွံ ထိင်ဒ၀်မင်မွဲအာ လိခ်ပတ်ဂကူဇကုကီု၊
  • သွက်သၞတ်ပဦု သ္ဂံလုက်စုက် ဍုက်ကေ၀်အာ ကြတ္အာင္တှ မတၜတက္မံင္ အပႛဲလိုက္ဏံကီု၊
  • မလိခ္ဘာသာမန္ပဦု ညံင္ဂြံဒွ္ ဘာသာကမ္ပ်ဴတာ ဗီုဘာသာတႝဟ္ဟ္တအ္ကီု မဒွ္ရ။
အတိုင်ရန်တၞံလ၀် ညံင်ဂွံဍိုက်ပေင်မ္ဂး ပဦုသၞတ်မန်တအ် ဒးထမံက်အာ ရုပ်ရၜရောင်။
မလိခ်မန်ပဦု ဒှ်က္ဆံင် မလိခ် Digitization မ္ဂး ဂကူမဟာ အလဪုမွဲလေ၀် ပလီုပလာ် လိခ်ပတ်ပဦု ဟွံဂွံရ။ မွဲပႜန်ဂှ် ယ၀်ရ မလိခ်မန်ပဦု စိုပ်အာ လ္တူလပှ်ကျာ နကဪုဗီုပြင် မုက်လိခ် Digital ဗက်ဟွံဂတာပ်၊ စက်ဂႜဲာတင်နင် (မပ္တံကဪု ဂူဂေ၀်) တအ်လေ၀် ကေႜာန်ကမေႜာန်ကု လိခ်မန်ပဦုမာန်ရ။ ဟိုတ်ဂှ်ရ ပဦုသၞတ်မန်တအ် သ္ဒးစကာမလိခ်မန် ပႛဲကမ်ပျူတာ ဂႜိုင်င်ရောင်။ စနူကဪုအခိင် ပစ္စုပ္ပန်ဏအ် (ယ၀်ဂွံအခေါင်မ္ဂး) သၞတ်ပဦု ထေက်ကဪု ဒးစကေႜာန် မုက်လိခ် ဘဠံက်ဂႜိုင်င်ရောင် မိက်ဂွံ ကီုကသပ်ရ။

ကေႜာန်ဘဠံက်မွဲဂှ် လေဲာသွာကွေံရ၊ ရဲ မိက်ဂွံကေႜာန် မုက်လိခ်ဘဠံက်မန် မွဲမ္ဂး ကေတ်အဆက်ကဪုအဲညိ။ အခိင်ဟွံရဲု (္ဘိုန်ဟွံသႜးကီုလေ၀်) အဲကဪု အရီုဗင်မာန်ရ။

မုက်လိခ်ဘဠံက်ဟီုဂှ် ဗီုပဦုချူ Diary, Memo မွဲကီုရ။ မုဇကု မိက္ဂြံခ်ဴခ်ဴ၊ တင္ပတ၀္ကႛိဳပ္လဪု မုမိက္ဂြံစြံစြံ၊ ဒႝာဲလဪုဇကု စိုပ်ပ် (ယ၀် ဂွံအခေါင်စကာ အေန်တာနိတ် နွံမ္ဂး) ချူ ပ္တိုန်ထ႟းမာန်ရ။

တေၞင်မွဲဂှ် ဘဠံက်ဝွံ အခေါင်ချူဇန်ဇကုဂှ် ဇကုမွဲဟေင် ပိုင်ပြှရပ်ဇုက်မာန်တဲု ဗႜး္ဘးကွေံကွေံရ။
အခိင်အခါလၞုဟ် အပႛဲဍုင်ပဦုတေံ သၞတ်တအ် စိုတ်လုပ်စကႜုင် ပွမချူဘဠံက်တအ် ဂႜိဳင္တိုန္အ႐ိုဟ္တၝဲရ။
လၝဪဳ... ပတ၀္ကႛိဳပ္ကု လိခ္ပတ္၊ လၝဪဳ ကြတ္အာင္တှ၊ လၝဪဳ ချူဇန်လိခ်ပရေင်-ဆဪုဂဗ၊ လဪု (ညးတန်တၜမံင် မၝးဍုင်) ချူပရိုင် ကေုာံ ပရေင်ဍုင်ကွာန် နွံနာနာသ်ာရ။

ကေအ်... သၞတ်မန်ပဦု လိခ်ပတ်မန်ပဦု ဂွံဇေႝာ်မောဝ်အာ စဪုက၀်တန်၊ ဘိုင်ယိုက်ဂေႜင်အာ တာလျိုင်ပဦ္ဘိုတ်မာန်ကဪုမာန် အိုတ်စိုအ်...။

(စိုပ်ကဪု ကိစ္စသိုင်ခႝံ ဘဠံက်မန်မ္ဂး ကေတ်အဆက် ဒႝဲာဏအ်ညိ)

ဆက်ဗှ်ညိ/ဆက်ဖတ်ရန်/Read more...

Ubuntu Linux နဲ့ သူ့အမျိုးတွေအကြောင်း တစေ့တစောင်း


လင်းနစ် Distributions စစ်တမ်းတွေရဲ့ အဆိုအရ မတူကွဲပြားတဲ့ သုံးစွဲသူတွေအလိုက် အုပ်စုခွဲပြီး လင်းနစ်အမျိုးအစားပေါင်း ၂၀၀ ကျော် ၃၀၀ နီးပါးလောက် ထုတ်လုပ်ဖြန့်ချိ ထားပြီလို့ သိရပါတယ်။ Debian, Red Hat Enterprise Linux, Fedora, Knoppix, Ubuntu, Gentoo စတဲ့ထုတ်ဝေဖြန့်ချိမှု ကဏ္ဍအလိုက်၊ သုံးစွဲသူအုပ်စုအလိုက်၊ လင်းနစ် Distributions တွေက တပုံတပင်ကြီးပါ။

"ဘယ် Distribution က ကောင်းတယ်၊ ဘယ်ဟာက မကောင်းဘူး၊ အဲလို ပြောလို့မရပါဘူး။ လင်းနစ်သုံးတာဟာ ဘာသာရေးလိုပါပဲ။ ကိုယ့်အကျိုးအကြောင်းတွေနဲ့ ကိုက်ညီပြီး ကိုယ်တိုင် ယုံယုံကြည်ကြည်နဲ့ သုံးနေကြတာပါ။ အားလုံးက ကဏ္ဍအလိုက် ကောင်းတာတွေစုပြီး Distributions အနေနဲ့ ထုတ်နေကြတာ။ သူ့ Users နဲ့သူ အသီးသီးရှိကြတာပဲ" ကျနော‎့်မိတ်ဆွေတဦးက ကောက်ချက်ချဖူးပါတယ်။


ဟုတ်ပါတယ်။ ဒီလို လင်းနစ်တွေအများကြီးထဲမှာ ကိုယ့်နဲ့သဟဇာတဖြစ်တာကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။ တချို့ Distributions တွေက ၀င်းဒိုးတွေလို Graphical Interfaces ကို ပိုအသားပေးထားတာ ရှိသလို၊ တချို့ကျတော့ Non-Graphical Interfaces တွေဘက် ပိုဦးစားပေးထားတာတွေ ရှိပါတယ်။ ‎ဥပမာ - ကျနော်အခု စသုံးနေတဲ့ Ubuntu ဆိုရင် ၀င်းဒိုးကနေ Migrant လုပ်လာတဲ့ Users တွေနဲ့ ကိုက်ညီအောင် Graphical Interfaces တွေကို ဦးစားပေးထားပါတယ်။ အခု နောက်ဆုံးထွက် version က 7.04 ပါ။


ကဲ...ဒါဆို Ubuntu နဲ့ သူ့အမျိုးတွေအကြောင်း နည်းနည်းမြည်းကြည့်ရအောင်။
Ubuntu ဟာ အာဖရိကန်ဘာသာနဲ့ဆို "တဦးနဲ့တဦး စာနာထောက်ထားခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။ အခြေခံ လူ့အဖွဲ့အစည်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ operating system တခုလို့ဆိုရင် မမှားပါဘူး။ သူ့ကို လက်ဆွဲကွန်ပြူတာမှအစ၊ စားပွဲတင်ကွန်ပြူတာနဲ‎့ ဆာဗာကွန်ပြူတာအဆုံး အသုံးပြုနိုင်တယ်။ Ubuntu နဲ့အတူ သူ့အမျိုးတွေဖြစ်တဲ့ Kubuntu, Xubuntu, နဲ့ Edubuntu ဆိုပြီး ရှိပါသေးတယ်။

ဒါဆို Ubuntu နဲ့ သူတို့ အချင်းချင်းဘယ်လို ကွဲပြားလဲ? ဟုတ်ကဲ့ ... သူ့တို့ရဲ့ အခြေခံ Environments တွေအလိုက် အနည်းအကျဉ်း ကွဲပြားပါတယ်။

Ubuntu က ဂရပ်ဖစ်တွေကို အသားပေးထားတဲ့ Gnome desktop environment ကိုသုံးပါတယ်။ စတင်သုံးစွဲသူတွေအတွက် ရိုးရှင်းလွယ်ကူအောင် ရည်ရွယ်စီမံထားတယ်၊ Gnome ရဲ့ မူလရှိရင်းစွဲ Gedit လိုText editor ၊ သီးချင်းနားထောင်ဖို့အတွက် Rhythmbox ပလေယာ၊ CD ဖတ်/rip ဖို့အတွက် Sound Juicer ၊ အီးမေးလ်နဲ့ ပြက္ကဒိန်တွေအတွက် Evolution စတာတွေ အသင့်ပါဝင်ပါတယ်။

နောက် Ubuntu အမျိ‎ုးဖြစ်တဲ့ Kubuntu ကတော့ KDE environment ကိုသုံးပါတယ်၊ K Desktop လို့လည်း ခေါ်ကြတယ်။ သူကနည်းနည်းမြင့်လာပြီ။ လင်းနစ်အထာကို နပ်ပြီးသား သုံးစွဲသူတွေအတွက် သင့်တော်ပါတယ်။ Ubuntu မှာလို Configuration options တွေ သိပ်ရှင်းမနေဘူး၊ နည်းနည်း Advance ပိုဖြစ်တာပေါ့ဗျာ။ သူ့မှာလည်း konqueror လို web browser နဲ့ file manager ၊ Kopete လို instant messenger ၊ K3B လို CD ရေးစက်တွေ အရန်သင့်ထည့်ထားပါတယ်။

Xubuntu ကျတော့ Gnome နဲ့ KDE တွေထက်ပိုပေါ‎‎့တ‎ဲ့ Xfce environment ကို သုံးတယ်၊ Xubuntu က Ubuntu, Kubuntu မှာလို အသွင်အပြင်ပိုင်းကို သိပ်ဦးစားမပေးဘူး၊ ဒါကြောင့်လည်း ပိုပေါ့တာထင်တယ်။ သူ့ကို မှတ်ဥာ‎ဏ် ၁၂၉ နဲ့ ၂၅၆ မီဂါဘိုက်မှာတောင် ခပ်ပေါ့ပေါ့သုံးနိုင်တယ်။ ဒါပေမယ့် Kubuntu, Ubuntu ထက်မလျော့တဲ့ point & click configuration options တွေန‎ဲ့ လာတာဗျ။

Edubuntu က ပညာရေးဝန်ဆောင်မ‎ှုတွေအတွက် သီးသန့်ထုတ်တယ်လို့ ဆိုပါတယ်။ သူ့ကိုGnome မှာတင်ထားပေမယ့် Ubuntu လို default applications အတိုင်းမဟုတ်ပါ။ ပညာရေးမှာ သုံးတဲ့ သီးသန့် apps တွေနဲ့တန်ဆာဆင်ထားတဲ့အပြင် GPaint, Atomix နဲ့ Xaos လို apps တွေပါ ပါဝင် ပါတယ်။

ကဲ... အထက်မှာ ဆိုထားတဲ့အတိုင်း Ubuntu Distributions တွေမှာတောင် သုံးစွဲသူအလိုက် နောက်ထပ်လေးမျိုးထပ်ကွဲတယ်...၊ ဒါဖြင့်ရင် ကျနော်/ကျမ ကတော့ program ရေးပါတယ်၊ web publications တွေလုပ်ပါတယ်၊ သုံးရမှာက နည်းနည်း Advace ဖြစ်တဲ့ Kubuntu ၊ ဒါပေမယ့် Gnome ‎ဂရပ်ဖစ်ကိုကြိုက်လို့ Ubuntu ပဲသုံးချင်တယ် ရမလား..? အဖြေက... ဟုတ်ကဲ့ ... ရပါတယ်...။

ကိုယ့်အနေနဲ့ Kubuntu-Deskop ကို Ubuntu အပေါ်တင်ချင်ရင် တင်လို့ရပါတယ်။ Gnome နဲ့ KDE native applications ကိုလည်း Xface မှာ သုံးချင်ရင် သုံးလို့ရပါသေးတယ်။ လိုက်လျောညီထွေမှု အပြည့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ Ubuntu, Kubuntu, Xubuntu နဲ့ Edubuntu တွေရဲ့ applications များဟာ သူတို့အချင်းချင်း တာဝန်ခွဲဝေ အသုံးပြုနိုင်တဲ့ အလေ့ရှိလို့ပါပဲ။ ဒါကြောင့် ကျနော် Personal အနေနဲ့ Graphical Interface မှာ ၀င်းဒိုးလိုပဲ အားကောင်းပြီး ရိုးရှင်းလွယ်ကူတဲ့ Ubuntu ကို သုံးဖို့ ဆုံးဖြတ်နေတာပါ။ ထွက်ခဲ့ပြီးတဲ့ Ubuntu က အောက်ပါအတိုင်းဖြစ်ပါတယ်။
* 7.04: April 2007 (Feisty Fawn)
* 6.10: October 2006 (Edgy Eft)
* 6.06: June 2006 (Dapper Drake)
* 5.10: October 2005 (Breezy Badger)
* 5.04: April 2005 (Hoary Hedgehog)
* 4.10: October 2004 (Warty Warthog)

ဒါကတော့ သူတို့အတွက် Download sites တွေပါ။

* Ubuntu: www.ubuntu.com/getubuntu/download
* Kubuntu: www.kubuntu.org/download
* Xubuntu: www.xubuntu.org/get
* Edubuntu: www.edubuntu.org/Download

Installations CD/DVD တွေကို လည်း မှာမယ်ဆိုရင် အလကားပေးနေပါတယ်။ Shipping ကတော့ လနဲ့ချီကြာတတ်ပါတယ်။ လိပ်စာကတော့ https://shipit.ubuntu.com/ ပါ။

ဒါတွေကတော့ Ubuntu နဲ့ သူ့အမျိုးအတွေ အကြောင်းပါ၊
အခုမျက်မှောက်ခေတ်မှာ ကွန်ပြူတာသုံးစွဲသူတွေက တဖြည်းဖြည်းနဲ့ လင်းနစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လက်ခံရင်း သုံးစွဲနေကြပါပြီ။ Linux သုံးခြင်းဖြင့် ကွန်ပြူတာကို လုံလုံခြုံခြုံ သုံးနိုင်တဲ့အပြင် သူ့မှာရှိတဲ့ အစိတ်အပိုင်းတိုင်းကို ပြုပြင်နိုင်ခွင့်ရှိတယ်။

နောက်တခုက အခမဲ့ပါ။ Ubuntu ဆို သူ့ဆိုဒ်မှာကို အမြဲတမ်းအခမ‎ဲ့ ဖြစ်ရစေမယ်လို့ ‎ဂတိပေးထားပါတယ်။ ဖွံ့ဖြိုးဆဲနိုင်င‎ံတွေအတွက် အိုင်တီမှာ ရန်ပုံငွေပိုမကုန်ရတော့ဘူးပေါ့။
Linux မှာ Users တွေရဲ့ သည်းခြေကြိုက် အချက်တခုက လွတ်လပ်မှုပါ။ လူသားတိုင်းဟာ လွတ်လပ်မ‎ှုကို မြတ်နိုးပါတယ်။ ဘယ်သူတဦးတယောက်မှ အကန့်အသတ် ချုပ်ချယ်မှုအောက်မှာ မရှင်သန်ချင်ကြပါဘူး။ ဒါကြောင့် Linux ကို လူတွေက Crazy ဖြစ်နေကြတာပေါ့ဗျာ …။

ဆက်ဗှ်ညိ/ဆက်ဖတ်ရန်/Read more...

Friday, September 14, 2007

Ubuntu Linux အတွက် ဇော်ဂျီကီးဘုတ်


လင်းနစ်တွေအတွက် ဇော်ဂျီကီးဘုတ်လေးတခု ထပ်လုပ်ဖြစ်ပါတယ်...။ မွန်ဘာသာကီးဘုတ်ကိုတော့ ကျနော်သုံးဖြစ်နေတာ ကြာပါပြီ။ အခု ဇော်ဂျီကီးဘုတ်ဖိုင်လေးကတော့ လင်းနစ်က default mm ဖိုင်လေးကို အစားထိုးထားတာပါ။

လက်ကွက်အနေနဲ့ ၀င်းဒိုးက ဇော်ဂျီလက်ကွက်ပုံစံအတိုင်းပါပဲ။ ဘာမှပြောင်းလဲထားခြင်း မရှိပါ။ သို့သော်လည်း ၀င်းဒိုးကဲ့သို့ ပါဠ်ဆင့်စာလုံးများ ရိုက်ရာတွင်သုံးသော Ctrl+Alt+Key အစား ဘယ်ဘက် Alt+Key အဖြစ်လည်းကောင်း၊ Ctrl+Alt+ Shift+Key အစား ဘယ်ဘက် Alt+Shift+Key အဖြစ်လည်းကောင်း အစားထိုး နေရာသတ်မှတ်လိုက်ပါတယ်။ လင်းနစ်ချစ်သူ မိတ်ဆွေများ စိတ်ဝင်စားမယ်ဆိုရင် စမ်းသပ်ကြည့်နိုင်ပါတယ်...။

Install လုပ်တာကတော့ လွယ်ပါတယ်။ ပိုပြီးလွယ်အောင် ပုံတွေနဲ့ဖော်ပြပေးထားပါတယ်...

အရင်ဦးဆုံး Top Panel ပေါ်က Places မှတဆင့် Computer ထဲကိုဝင်ပါ။ (ပုံ ၁ ကိုရှုရန်)

Filesystem ဆိုတာတွေ့ပါလိမ့်မယ်၊ နှစ်ချက်ဆင့်နှိပ်ပြီး Filesystem ထဲကိုဝင်ပါ။ အဲဒီနောက် etc --> X11 --> xkb --> symbols ထဲကို အဆင့်ဆင့်ဝင်သွားပါ။ (ပုံ ၂ ကိုရှုရန်)

symbols ထဲကိုရောက်သွားတဲ့အခါမှာ system က default ပေးထားတဲ့ နိုင်ငံတကာဘာသာ C source code ဖိုင်တွေကို မြင်ရမှာပါ။ မြန်မာအတွက်လည်း mm ဆိုပြီး default source code ဖိုင်တစ်ခုကို အရန်သင့် ပေးထားပါတယ်။ ကျနော်တို့က အဲဒီဖိုင်ကို အစားထိုးရမှာပါ။

လင်းနစ်ဇော်ဂျီကီးဘုတ်ကို ဒီကနေ ဆွဲချ၊ ကော်ပီလုပ်ပြီး စောစောက symbols ထဲမှာရှိတဲ့ mm ဖိုင်မှာ replace လုပ်ရုံပါပဲ။ လွယ်တယ်နော်။

ဒီအဆင့်ပြီးရင် တချို့ Distribution တွေမှာ Log Out လုပ်ရပါတယ်။ လိုအပ်ရင်လုပ်လိုက်ပြီး Log In ပြန်ဝင်လာပါ။ နောက်တဆင့်အနေနဲ့ Top Panel ပေါ်က System --> Preferences မှတဆင့် Keyboard မီနူး ကို နှိပ်ပါ။ (ပုံ ၃ ကိုရှုရန်)

Keyboard Preferences window လေးပေါ်လာပါပြီ၊ Layouts tap ကို နှိပ်ပါ၊ Add ခလုပ်ကနေ Myanmar ကိုရွေးပါ၊ ဒီအဆင့်ပြီးရင် ဇော်ဂျီ Myanmar ကီးဘုတ်ကို ယူအက်စ်ကီးဘုတ်နဲ့ အတူ ရွေးချယ်ထားပါပြီ။ (ပုံ ၄ ကိုရှုရန်)

USA ကနေ Mmr ကိုကီးနဲ့ ပြောင်းချင်တယ်ဆိုရင်တော့ စောစောက Keyboard Preferences မှာ Layout Options ကိုဝင်၊ Group Shift Lock Behavior အုပ်စုထဲက Both Alt Keys Together Change ကိုရွေး၊ ဒါဆို ကိုယ့်ကီးဘုတ်က ဘယ်/ညာ Alt ခလုတ်နှစ်ခုကို စုံနှိပ်ပြီး USA ကနေ Mmr ကို လွယ်လွယ်ကူကူ ပြောင်းနိုင် ပါပြီ။

မှတ်ချက်။ ။တခါတရံ မိမိရဲ့ ကီးဘုတ်ဖိုင်ကို အစားထိုး replace လုပ်တဲ့အခါ symbols folder ရဲ့ folder permissions (include subfolders) ကိုတောင်းတတ်တယ်။ ဒီ folders ရဲ့ ခွင့်ပြုချက်ကို ရချင်ရင် မိမိရဲ့ Top Panel မှ Applications --> Accessories --> Terminal ကိုဖွင့်၊ Terminal ပေါ်လာရင် အောက်က ကွန်မန်းကို Sudo နဲ့ဝင်ပြီး folders ရဲ့ခွင့်ပြုချက်တွေကို ပြောင်းလဲနိုင်ပါတယ်။

monguy@Monbuntu-laptop:~$ sudo chmod 777 -R /etc/X11/xkb/symbols ENTER

Linux မှာ ဇော်ဂျီစာလုံးသုံးရတာ စာလုံးပိုလှသလို ထင်မိပါတယ်။ လွတ်လပ်ပြီး လုံခြုံစိတ်ချရတယ်၊ သုံးစွဲသူရဲ့ စိတ်ဆန္ဒအတိုင်း လိုက်လျောညီထွေမှုရှိတယ်၊ တခြား စနစ်တွေထက် ပိုမြန်တယ်။ အော်မေ့လို့ ... နောက်တခုက .. အလကားကိစ္စဗျ.. Linux နဲ့သူ့အတွက် အပျော့ထည်တွေကို အွန်လိုင်းရှိရင် အလကားရပါတယ်.. ကျနော့်လို ငမွဲက အဲဒီအလကားကို သိပ်သဘောကျတာဗျ .. :D

သူငယ်ချင်းတို့ကိုလည်း အဲဒီ အနှောင်အဖွဲ့၊ အကန့်အသတ် ခြိမ်းခြောက်ချုပ်ချယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ၀င်းဒိုးစနစ်ကနေ ရုန်းထွက်ပြီး လွတ်လပ်ပြီး ကိုယ်လုပ်ချင်တာ လုပ်နိုင်တဲ့ လင်းနစ်တွေကို ပြောင်းသုံးကြဖို့ တိုက်တွန်းပါတယ် .. ကျနော်လည်း ရုန်းထွက်နေဆဲပါ ...။

ဆက်ဗှ်ညိ/ဆက်ဖတ်ရန်/Read more...

Monday, September 3, 2007

Mac OS အတွက် ဇော်ဂျီကီးဘုတ်

ကျနော် Mac User မဟုတ်သေးပါ၊ သို့ပေမယ့် ဝင်းဒိုးကို တော့ Security, Virus ပြဿနာတွေကြောင့် အတော်လေး စိတ်ကုန်နေပါပြီ၊ တဖက်မှာလည်း Open sources ဖြစ်တဲ့ Linux ကို တဖြည်းဖြည်း မိုက်ဂရန့်လုပ် နေပါတယ်။

တလောက အလုပ်မှာ Mac iBook G4 ခပ်နွမ်းနွမ်းလေးတလုံးကို လုပ်ငန်းရဲ့ အစိတ်အပိုင်းတခုမှာ သုံးဖို့ အကြောင်းဖန်လာပါတယ်။ မြန်မာယူနီကုဒ် ရိုက်ဖို့အတွက် ကီးဘုတ်တွေကို လိုက်ရှာကြည့်တာ ဘယ်မှာမှ မတွေ့ပါ။ ဒါနဲ့ ကျနော့်ကို ကွန်ပျူတာ သင်ပြခဲ့ဘူးပြီး Mac ကိုနှစ်ပေါင်း အတန်ကြာ သုံးနေတဲ့ အဝေးက ဆရာတယောက်ကို အဆက်အသွယ်လုပ်ရာကနေ ဒီကီးဘုတ်ရေးဖို့ နည်းလေးရခဲ့ပါတယ်။

အခု ဇော်ဂျီဖောင့်လက်ကွက်ကို Mac နဲ့ ရိုက်ကြည့်နေတာပါ။ အဆင်ပြေပါတယ်၊ ဒါပေမယ့် ဝင်းဒိုးလက်ကွက်မှာလို ကွန်ထရိုး + အယ်တာ အတွဲကို သုံးဖို့ကြိုးစားကြည့်ပေမယ့် အဆင်မပြေခဲ့ပါဘူး၊
ဒါနဲ့ Ctrl+Alt+Key အတွဲအစား Alt+Key, Ctrl+Alt+Shift+Key အတွဲအစား Alt+Shift+Key စသည်ဖြင့် အစားထိုးလိုက်ရပါတယ်။ ဝင်းဒိုးလက်ကွက်နဲ့ သဟဇာတဖြစ်ခဲ့သူများ ဒီ Mac လက်ကွက်ရဲ့ တတိယနဲ့ စတုတ္ထအဆင့် အပြောင်းအလဲတွေမှာ အနည်းငယ် ရှုပ်ကောင်းရှုပ်နိုင်ပါလိမ့်မယ်။ နောက်ပိုင်း ကျွမ်းကျင်သူများက ပြင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လောလောဆယ်ဆယ် စမ်းသုံးကြည့်ပါ။

နောက်တခုက အင်စတောကိစ္စပါ။ ကျနော် ဒီလက်ကွက်အတွက် အင်စတောပက်ကိတ် မလုပ်တတ်ပါ။ ဒီအတွက် စက်ထဲသွင်းရာမှာ User Friendly မဖြစ်တဲ့အတွက် တောင်းပန်ပါတယ်။ Mac OSကျွမ်းကျင်သူတွေ သင့်တော်တဲ့ ပက်ကိတ်အင်စတောလာ တခုခုနဲ့ ထုတ်ပိုးပေးနိုင်ရင် အရမ်းကောင်းမှာပါ။ လောလော ဆယ်ဆယ် စက်ထဲထည့်ဖို့အတွက် ပုံတွေနဲ့ ကျနော်ရှင်းပြပေါ့မယ်။
၁) ပထမအဆင့်အနေနဲ့ ဇော်ဂျီကီးဘုတ်ဖိုင်ကို ဒီမှာ ယူပါ။ ပြီးရင် အဲဒီဖိုင်ကို Copy လုပ်ထားပါ။


၂) Top Menu Bar ပေါ်က Go > Computer ထဲကိုဝင်ပါ၊ (apple + shift + C) လည်း သုံးနိုင်ပါတယ်။ ပုံကိုရှုရန်

၃) မိမိရဲ့ Directory ထဲရောက်သွားရင် ပုံမှာပြထားတဲ့အတိုင်း Library > Keyboard Layouts >zawgyi keylayout file ကို Paste လုပ်ပါ။ ပုံကိုရှုရန်

၎) Top Menu Bar ကိုပြန်သွားပြီး Logout‚ လုပ်၊ နောက်‚ Login ပြန်လုပ်ပါ။ ပုံကိုရှုရန်
၅) Top Menu Bar ပေါ်က Apple icon ကတဆင့် System Preferences ထဲဝင်ပါ။ ပုံကိုရှုရန်

၆) System Preferences ထဲရောက်ရင် Personal row က International ကိုနှိပ်၊ International window မှာ Input Menu Tap ကိုထပ်နှိပ် ပြီးရင် ကိုယ်ထည့်ထားတဲ့ ဇော်ဂျီလက်ကွက်ပုံစံကို ရွေး (Mark) လိုက်ရုံပါပဲ။ ပုံကိုရှုရန် ဒီအဆင့်တွေပြီးရင် မိမိရဲ့ Top Menu Bar ညာဘက်အပေါ်နားလေးမှာ U.S default အင်္ဂလိပ်ကီးဘုတ်နဲ့အတူ မြန်မာဇော်ဂျီကို ရွေးချယ်အသုံးပြုနိုင်ပါပြီ။

အခုနောက်ပိုင်း ယူနီကုဒ်စနစ်ကို ရာနှုံးပြည့်လိုက်နာတဲ့ မြန်မာယူနီကုဒ်တွေကို မြန်မာပညာရှင်တွေက ကွန်ပျူတာစနစ်တွေမှာတောင် အောင်မြင်စွာ စမ်းသပ်ပြီးစီးခဲ့တယ်လို့ ကြားသိရပါတယ်၊ အနာဂတ် မြန်မာ့အိုင်တီဖွံ့ဖြိုးရေးအတွက် အားတက်စရာပါ၊ ဇော်ဂျီစာလုံးကလည်း ယူနီကုဒ်စည်းမျဉ်းကို တစိတ်တဒေသ လိုက်နာထားတဲ့ စနစ်ပြီး Online Publications တွေအတွက် လက်ဆက်အသုံးဝင်နေဦးမယ်လို့မြင်ပါတယ်။ မွန်လူမျိုးတယောက်အနေနဲ့ ကျနော်လည်း ဇော်ဂျီစာလုံးကို မွန်စာလုံးတွေထပ်ဆွဲပြီး Uni Mon အမည်နဲ့ Modified ပြန်လုပ်ထားပါတယ်၊ သူ့အတွက် Mac ကီးဘုတ်ကိုလည်း ရေးဖြစ်ပါတယ်။ ဒီ့အတွက် ဇော်ဂျီ Team ကို ကျေးဇူးအထူးတင်ပါတယ်။

ဆက်ဗှ်ညိ/ဆက်ဖတ်ရန်/Read more...